Register လုပ်ရပါမယ်။ Viber လိုပဲ Code နံပါတ် (၄)လုံးတောင်းကာ
Register လုပ်ရုံပါပဲ။ Chatting ဒီဇိုင်း Theme များစွာ ရွေးချယ်နိုင်ပါတယ်။
Viber လောက် Sticker တွေ မစုံလင်ပေမယ့် GIF အလန်းတွေပါရှိလို့
ကျနော်ကတော့ သဘောကျတယ်။ ထူးခြားတာလေးတစ်ခုက DiDi မှာ
Social ဆိုတဲ့ function တစ်ခုပါရှိတယ်။ facebook wall တွေမှာ ..
ဓါတ်ပုံတွေ တင်သလိုမျိုး အသုံးပြုနိုင်တယ်။ DiDi member တွေ အချင်းချင်း
ဓါတ်ပုံတွေတင်ကာ Like , Comment တွေ ပေးနိုင်တာကလဲ လန်းတယ်။
နောက်တစ်ခု လန်းတာက Social မှာ ဓါတ်ပုံတွေကို အသံပါ တစ်ခါတည်း
record လုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။ ပထမဆုံး ဓါတ်ပုံမှာ အသံသွင်းပြီး
Social ဆန်ဆန် မျှဝေနိုင်တဲ့ App လို့ DiDi က ဂုဏ်ယူစွာ ပြောခဲ့တယ်။
တကယ်လဲ ပထမဆုံးပါပဲ။ ဓါတ်ပုံနဲ့အတူ အသံပါသွင်းပြီး တင်နိုင်ခြင်းက
အရသာတစ်မျိုး ထူးတာပေါ့။ ကျန်တာတွေကတော့ Group Chat ,
Free Call , Chatting , voice chat စသဖြင့် Viber လိုမျိုး အားလုံး
သုံးနိုင်ပါတယ်။ facebook က သူငယ်ချင်းတွေကိုလဲ invite လုပ်ကာ
ဆက်သွယ်နိုင်တယ်။
Viber သုံးရတာ ညည်းငွေ့နေရင် DiDi ကို ပြောင်းသုံးကြည့်ဗျာ။
ကျွန်တော်တို့ဆီမှာ လူသိနည်းသေးတဲ့ App လေးဆိုတော့ ..
ကိုယ် တကယ်ခင်တဲ့ သူငယ်ချင်းတွေနဲ့ DiDi မှာ အေးဆေး
တော်ကီပွားလို့ ရတာပေါ့။ Android 2.1 နှင့်အထက်မှာ သုံးနိုင်တယ်။
download - (17MB)
*ဒေါင်းရန်နှိပ်ပါ*
*Download Now*